မြန်မာ.အရေးကို မဟာဗျူဟာ အရ ကြည်.ရင် စစ်အစိုးကို လက်နက်ကိုင် အဖွဲ.အစည်းတွေ တိုက်
လာတာ အဘိုးတွေကစပြီး တိုက်လာတာ အခုမြေးအရွယ်တွေ ဆက်တိုက်နေတုန်းပဲ။ ဒီအတိုင်းသာ ဆက်တိုက် သာကုန်သွားမယ် စစ်အစိုးရကို နိုင်မှာမဟုတ်ဘူး အင်အားမမျှ လို.မဟုတ်ဘူး မဟာဗျူဟာမရှိ
လို.ပဲ။ နည်းဗျူဟာကို မဟာဗျူဟာပါလို.ကိုယ်ဟာကို ပြောရင်တော. မသိဘူး။ စစ်အစိုးရကတော. မဟာဗျူဟာ သူတို.ထက်သာလို. (ကောင်းလို.မဟုတ်) အဲဒီ အဖွဲ.အစည်းတွေကို တောထဲ တောင်ထဲ အစောင့်အဖြစ် ထားလိုက်သေးတယ် နိုင်ငံခြားတပ်တွေ ဝင်လို.မလွယ်အောင်လို.။စော်ကားတာမဟုတ်ဘူး။
အမေရိကန်လိုနိုင်ငံက လက်နက်အကူ အညီပေးကြည့် လက်နက်ကောင်းကောင်းနဲ.တိုက်ကြည့်အုံး။
မဟာဗျူဟာအစီအမံ နဲ. နည်းပညာအကူအညီပေးမှ ရမယ်။စစ်ရေးကိုပြောတာနော် ဒါတောင် တရုတ်ကို ခဏဖယ်ထားသေးတယ်။ စစ်အစိုးရရဲ.နိုင်ငံရေးမဟာဗျူဟာကိုသုံးသပ်ကြည့်ရအောင် (၁၉၈၈ ဒီဘက်) ၈၈အရေးအခင်း ကစပြီး လူထုအုံကြွ မှုတွေ ဆန္ဒပြပွဲတွေ နဲ.N.L.D ပါတီကို သွယ်ဝိုက်ချဉ်းကပ်မဟာဗျူဟာ နဲ.လုပ်ဆောင်ခဲ့တာ အခုဆို သူတို.ဘက်က အနှစ်၂၀လောက်အချိန်ဆွဲထားနိုင်ခဲ့ပြီ အရှုံးကနေ။ ဆက်ကြည့်ရအောင် ပြည်သူတွေနဲ.နိုင်ငံတကာကို ဒီမိုကရေစီ မပေးဘူး ငါတို.စစ်တပ်ပဲ အုပ်ချုပ်မယ် လို့ မပြောဘူး မြန်မာပြည်နဲ.ကိုက်ညီမဲ့ ဒီမိုကရေစီ ကျင့်သုံးမယ် လမ်းပြမြေပုံ ရေးဆွဲနေတယ်လို့ အကြောင်းပြတယ်။ N.L.D ကိုဖျက်သိမ်းလိုက်လို.ရတယ် မလုပ်ဘူး တိုက်ရိုက်ချဉ်းကပ်နည်းဖြစ်
နေလို.အဲဒီထက်ကောင်းတဲ့နည်း ကိုသုံးတယ်။ ပြည်သူရယ် N.L.D ရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ပံ့နိုင်တဲ့ ပြည်တွင်းကအရည်အချင်း ရှိသူတချို.ရယ် အဲဒီအုပ်စုတွေ ဆက်စပ်မသွားအောင် ပူးပေါင်းမသွားအောင် လုပ်ထားလိုက်တယ် လုပ်ထားနိုင်ခဲ့တယ်။အဲဒါ သွယ်ဝိုက်ချဉ်းကပ် မဟာဗျူဟာရဲ.အကျိုးတရားတွေပေါ့။လက်ရှိစစ်အစိုး အကြောက်ဆုံးက စစ်အစိုးရကိုဒုက္ခ အပေးနိုင်ဆုံးက ၈၈ အရေးအခင်းလို လူထုအုံကြွမှူကြီးသာဖြစ်တယ်။အမေရိကန်လို နိုင်ငံခြားက လောလောဆယ် လာမတိုက်နိုင်သေးဘူးဆိုတာ ပထဝီနိုင်ငံရေး၊လက်ရှိအမေရိကန် အခြေအနေ(အီရတ်စစ်အပါအဝင်)၊ အာဆီယံ၊တရုတ်အားကိုးနဲ.စစ်အစိုးရ ကောင်းကောင်းတွက်မိတယ် ။
အဲဒီတော့ လူထုအုံကြွမှုတွေမဖြစ်အောင် တိုက်ရိုက်ရော သွယ်ဝိုက်ချဉ်းကပ်နည်း ပါအသုံးပြုတာ တွေ.ရတယ်။လူထုအုံကြွမှုတွေ ထပ်မဖြစ်အောင် အဓိက ခေါင်းဆောင် တွေကို ထောင်ဒဏ် ၆၅နှစ်တို.အနှစ် ၂၀ တို.ချပြစ်လိုက်ပြီးလူထုကို ကြောက်အောင် လုပ်ထားတယ် ။ဒေါ်အောင်ဆန်းစုကြည် ကို မလှုပ်ရှားနိုင်အောင် အဆက်ဖြတ်ထားလိုက်တယ် လူထုနဲ. N.L.D ကို တသားတည်း မဖြစ်အောင်၊ ပါတီကြီးထွားမလာအောင် အင်အားကောင်းမလာအောင် လုပ်ထားနိုင်တာကိုတွေ.ရတယ်။ N.L.D ဟာ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်အခါ အခွင့်အရေးတွေမှာ (ဥပမာ ရွှေဝါရောင် တော်လှန်ရေး)
အခွင့်အရေး ဆုံးရှုံး သွားတာတွေနဲ. စစ်ထောက်လှန်းရေးဟောင်းတစ်ယောက် ရဲ.စကားအရဆိုရင် ပါတီထဲမှာ သူလျှိုတွေဟာအရေးပါတဲ့ နေရာတွေမှာ ရှိနေနိုင်တယ်ဆိုတာ နည်းနည်းလေး စဉ်းစားယုံနဲ့ သိနိုင်တယ်။ ဒါစဉ်းစားတာကိုပြောတာနော် မှားရင်လည်းမှားမယ် ။ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကိုကြည့်ရင် N.L.D အပါအဝင် ဒီမိုကရေစီ လှူပ်ရှားသူများဟာ တိုက်ရိုက်ချဉ်းကပ် နည်းကိုပဲ တွင်တွင် သုံးနေတာ စိတ်မကောင်းစရာ တွေရတယ် ။သံရုံးရှေ. ဆန္ဒပြတာတို. ကြေညာချက် ထုတ်တာတို.
လွှတ်တော်အမတ်တွေ ရဲ.အကူအညီနဲ. သံတမန်မျက်နှာစာမှာ လက်ရှိလှူပ်ရှားမှုတွေအားလုံးဟာ နည်းဗျူဟာပါ မဟာဗျူဟာ မဟုတ်ဘူး။ ပြည်သူလူထုကို ပညာပေးစည်းရုံးပြီး လူထုထောက်ခံမှူရအောင် လူထုအကျိုးပြု လုပ်ငန်းတွေ ပရဟိတလုပ်ငန်းတွေ ပညာရေးဝန်ဆောင်မှူတွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ရင်း ပြည်သူနဲ.ရင်းနှီးပြီး တသားတည်းကျလာလို.ပြည်သူတရပ်လုံး ညီညွတ်လာရင် စစ်အစိုးရကို ဖြုတ်ချစရာ မလိုဘူး သူ.ဟာသူ ခုန်ဆင်းပြေးသွားမှာ။ နာဂစ် ဟာ၂ ဘက်စလုံးအတွက် အခွင့်အရေး ရွှေဝါရောင်အရေးအခင်းက N.L.D ရဲ.မဟာအခွင့်အရေး။ စစ်အစိုးရ ပြုတ်ကျရေး စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ. ဒီမိုကရေစီ ရရှိရေး ထွန်းကားရေး လုပ်ဆောင်မှူတွေမှာ(လက်ရှိအခြေအနေ) ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ရိုက်ချဉ်းကပ်ရင် ထောင်ဒဏ်နှစ်ရှည်ကျမယ် ဝန်ထမ်းဆို အလုပ်ပြုတ်
မယ် မိသားစုဝင် အထိ အန္တရယ်ရှိတယ်။လူတွေ မပူးပေါင်းရဲတော့ဘူး ဒါကြောင့်အင်အားမရှိဘူး အင်အားမရှိရင် ထိပ်တိုက်ရင်မဆိုင်တာ အကောင်းဆုံးပဲ။လူထုအကျိုးပြု လုပ်ငန်းတွေနဲ.ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ရင် အနှောက်အယှက်ပေးတာလောက်ပဲ ခံရမယ် နှစ်ရှည်ထောင်ချလို.မရဘူး လူထုကပိုပြီး ပါဝင်လာရဲမယ် ။ဥပမာ အဖြူရောင် လှုပ်ရှားမှူလိုမျိုး၊ဥပုသ်စောင့် ကြမယ် လူတော်တော်များများ ပါအောင်ပြောရင် လူတွေလိုက်ရဲမယ်သံရုံးရှေ ဆန္ဒပြမယ်စည်းရုံးလို.ရပါတော့မ
လား။နိုင်ငံခြားမှာတောင် လူစုဖို.မလွယ်တော့ဘူး။လူထုရဲမှ စုလာမှာပေါ့ စုနိုင်မှ အောင်မြင်မှာပေါ့။
လူထုရဲမှ ဆိုလို. လူထုက ကြောက်နေတာမဟုတ်ဘူး မယုံကြည်တော့တာ။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နေတဲ့ သူတွေရှိတယ် ထောင်ထဲမှာလည်းရှိတယ် အပြင်မှာလည်းရှိပါတယ် ဒါပေမဲ့ တချို.များ မြန်မာပြည်မှာ ဒီမိုကရေစီရ ရင်တောင် ပြန်လာပါ့မလား တွေးစရာပဲ။နောက်ပြီးရှိသေးတယ် လူထုက နိုင်ငံရေးနားမလည်ဘူးဆိုပြီး အမှန်ကအဲဒီလိုမဟုတ်ဘူး နိုင်ငံရေး နိုင်ငံရေးဆိုပြီး ဗလာ အမြှောက်ပစ်နေတဲ့သူတွေသာ နိုင်ငံရေးနားမလည်တာ မြန်မာပြည်လောက် နိုင်ငံရေးအတွေ.အကြုံများတဲ့ နိုင်ငံ ရှာကြည့်အုံးကမ္ဘာမှာ။လိုနေတာက ယုံကြည်လောက်တဲ့ခေါင်းဆောင်ရဲ့ မှန်ကန်သောဦးဆောင်မှူ
သာဖြစ်တယ် ။ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ရင် စစ်အစိုးရရဲ. မဟာဗျူဟာ အမှားပဲ ခက်တာက စစ်အစိုးရက ပါးနပ်တယ် အ တာကကိုယ်တွေပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခုချက်ချင်း လွှတ်ပေး အဲဒီအသံတွေ ကျယ်ကျယ်အော်ရမှာ ခုတော့ ဖယောင်းတိုင်လေးထွန်းပြီး မွေးနေ. ဆုတောင်းပွဲလေး လုပ်တာတွေ.မိတယ် အားပျော.သွားတယ်ထင်မိတယ်။ နိုင်ငံရေးနားလည် လို.ပြောနေတာမဟုတ်ဘူး ပြည်သူ.ရင်ထဲ တိုက်ရိုက် ရောက်မဲ့စကားမျိုး ရွေးချယ်သင့်တယ်ထင်
လို. ပြီးတော့ မြန်မာနိုင်ငံကို စီးပွါးရေး ပိတ်ဆို.ဖို. ရင်းနှီးမြုပ်နှံ မှူတွေမလုပ်ဖို. ဆိုပြီးပြောတဲ့ သူတွေအချို.ရှိတယ်။တော်တော်အံ့ဩမိတယ် စစ်အစိုးရကို မုန်းတာနဲ. အမျိုးသားနိုင်ငံရေးနဲ. ခွဲခြားနားလည်သင့်တယ်။အဂ္ဂမဟာဗျူဟာအထိ စဉ်းစားသင့်တယ်။အခုနေ ဒီမိုကရေစီရ လို.စစ်အစိုးရပြုတ်ကျသွားရင် ငုတ်သလိုဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးရေး တွေပေါ်လာမယ်
သီးခြားပြည်နယ်တောင်းဆိုမှူတွေပေါ်လာမယ်ဒီမိုကရေစီဆိုတာနဲ. ပြည်ပရင်းနှီးမြုပ်နှံမှူတွေ၊ယဉ်ကျေးမှူတွေ အလုံးအရင်းနဲ.ဝင်လာမယ် ကုမ္ပဏီကြီးတွေ ဝင်လာရင် အဲဒီ ကုမ္ပဏီကြီးတွေကို ယဉ်ပြိုင်ထိုးဖောက်နိုင်တဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ၊ အသိပညာရှင်တွေလိုတယ်၊တိုင်းရင်းသားတွေအားမရှိရင် နိုင်ငံခြားသားတွေ လက်ဝါးကြီးအုပ်သွားမယ်၊ယဉ်ကျေးမှူတွေစုံလာမယ်၊ ဘာသာရေး အန္တရယ်တွေ ရှိလာမယ်။ ဒီမိုကရေစီဆိုတော့အသံမျိုးစုံလာမယ်၊ဘေးပယောဂဝင်လာမယ်အဲဒါတွေရင်ဆိုင် ဖြေရှင်းဖို.အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းလိုတယ် အမြော်အမြင်ရှိဖို.လိုတယ်၊ကြိုတင်စီစဉ်ထားဖို.တယ်။ အဲဒီအထိ စဉ်းစားရင် အဂ္ဂမဟာဗျူဟာ(Grand Strategy)ပါပဲ။ဒီနေ. မြောက်ကိုရီးယား နဲ. စစ်အစိုးရ ဆက်ဆံရေးဟာ စစ်အစိုးရရဲ. အမေရိကန်ကိုတည်ကစားချင်တဲ့ ဝှက်ဖဲလား၊တိုင်းပြည်ကို ၅ပါး မှောက်အောင် လုပ်မှာလားဆိုတာ စောင့်ကြည်နေတုန်းပဲ၊ ၅ ပါးမှောက်ဖို.များတယ် ဘာလို.လဲဆိုမြောက်ကိုရီးယားလောက် ညဏ်ရှိမှာ မဟုတ်ဘူး။ဒီမိုကရေစီ ဆိုတာပြသနာ ဖြေရှင်းတဲ့စနစ် မဟုတ်ဘူး၊ စစ်အစိုးရကြောင့် တိုင်းပြည်မ တိုးတက်တာမဟုတ်ဘူး ဗိုလ်ချုပ်အောင်ဆန်းလို စစ်ဗိုလ်မျိုး အုပ်ချုပ်ရင် တိုင်းပြည်မ တိုးတက် ပဲနေမလား၊ အဓိကက ပညာအမြော်အမြင်မရှိသူတွေ စိတ်ရင်းမကောင်းသူတွေ ကိုယ်ကျိုးပဲကြည့်သူတွေ အုပ်ချုပ်နေသမျှ ဘယ်အစိုးရပဲ တက်တက် ဘယ်စနစ်ပဲကျင့်သုံးသုံး တိုင်းပြည်ဆင်းရဲဒုက္ခ ရောက်နေအုံးမှာပဲ ။နောက်တခုရှိသေးတယ် တော်တော်များများပြောကြတယ် မြန်မာပြည် သယံဇာတပေါတယ်နိုင်ငံတကာလည်းပြောတယ် မှန်လည်းမှန်ပါတယ် ဒါပေမဲ့ သယံဇာတဆိုတာ မကုန်နိုင် မခမ်းနိုင်တဲ့အရာ မဟုတ်ဘူး အခုတောင် တော်တော်လေးကုန်နေပြီ၊သဘာဝအရင်းအမြစ်ဆိုတာ အထောက်အပံ့ သာဖြစ်တယ် အဓိကအားကိုးရာမဟုတ်ဘူးလူ.စွမ်းအားအရင်းအမြစ်ကသာ လူရှိနေသမျှ အသိပညာ အတတ်ပညာ နဲ.အားထားရာဖြစ်တယ် လူ.စွမ်းအားအရင်းအမြစ်ကို ဖွံ.ဖြိုးအောင် လုပ်ရမှာ၊ လက်ရှိအစိုးရလုပ်နေပုံက အပင်ကို ရေနွေးပူနဲ.လောင်းနေတယ်။သူခိုးလေးတွေကို ပညာတော်
သင် လွှတ်နေတယ်။နောက်ဆုံးအနေနဲ. စစ်အစိုးရရဲ. အရှင်ထွက် အသေထွက် လမ်းစဉ်ကို ပြောကြရအောင် ပြောချင်တာတွေများနေလို.လိုရင်းမရောက်တော.ဘူး။လက်ရှိစစ်အစိုးရဟာ ဆွေစဉ်မျိုးဆက် စားမကုန်အောင်ချမ်းသာနေပေမဲ့ အိပ်ကောင်းတိုင်းမအိပ်ရ စားကောင်းတိုင်းမစားနိုင် အဆဲခံ အဆိုခံနဲ. လမ်းပြမြေပုံဆိုပြီး လုပ်နေတာ အရှင်ထွက် ထွက်ချင်လို.ပဲ အသေထွက်ဆို ဆဒမ်ဟူစိန်လို
ထွက်ရမှာ အဲဒီတော့ သူတို.ရဲ.မဟာဗျူဟာ(လမ်းပြမြေပုံ)အောင်မြင်ရင် နောက်တက်လာမယ့် အရပ်သားအစိုးရ(အဲဒါလည်းသူ.လူပဲ) နဲ.လွှတ်တော်ထဲက သူတို.ရဲ.နောက်ချန်တပ်က သူတို.ကို ကာကွယ်ပေးထားမယ် အဲဒီအချိန်မှာ လူမျိုးပေါင်းစုံနဲ. ပါတီပေါင်းစုံနဲ. ရှုပ်ရှက်ခက်ပြီး ငါးစာလုနေပြီဆိုရင် သူတို.လေချွှန်ပြီးကျန်နေခဲ့ယုံပဲ။မြန်မာမျိုးချစ်တွေ ဘာလုပ်ကြမလဲ?ဘာလုပ်သင့်လဲ? ဘယ်လိုလုပ်သင့်လဲ?
၁။ သွယ်ဝိုက်ချဉ်းကပ်တဲ့ မဟာဗျူဟာကျင့်သုံးရမယ်။
၂။စစ်အစိုးရကို တိုက်ရိုက် မတိုက်နဲ.တော့ ဒေါ်အောင်ဆန်းစုကြည်နဲ. ကိုမင်းကိုနိုင် ကို လွတ်အောင်လုပ်
(ဘယ်လိုလုပ်မလဲ? အဲဒါနည်းဗျူဟာ ဒါကိုစဉ်းစားရမယ်)
၃။စစ်သားရော၊ဝန်ထမ်းတွေပါမကျန် ပါဝင်လှုပ်ရှားနိုင်တဲ့ ဘာသာရေး(သို.)လူမှူရေးလှုပ်ရှားမှူ အကြီးအကျယ်လုပ်ရင်
(ကြံ့တွေ ဖွတ်တွေပါ ပါပါစေ မောင်းမထုတ်နဲ.သူတို.လည်း ၈၈အရေးအခင်းက ဒီမိုကရေစီ အော်ခဲ့တာပဲ၊)
ဒေါ်အောင်ဆန်းစုကြည် နဲ. ပြည်သူကြားက ကွက်လပ်ကလေးကို ဖြည့်လိုက်တာပဲလို.ထင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေး ဖခင် လို.ခေါ်ရင် ဒေါ်စုဟာ ဒီမိုကရေစီသမီးတော်ပေါ့ စစ်အစိုးရနားမလည်
တဲ့ ဒီမိုကရေစီ ကိုတောင်းယူလို.ရမှာ မဟုတ်ဘူး (ကျင့်သုံးရတဲ့စနစ်) တောင်ကိုရီးယားမှာ စစ်အစိုးရပြုတ်ကျသွားပုံကို
ကြည့်ရင် တော်တော်လေး ပညာ ပရိယယ် ပါတဲ့အပိုင်းကိုတွေ.ရတယ်(သီးသန်.ရေးပါမယ်)လောလောဆယ် ကျွန်တော်
တို. လုပ်သင့်တာက ကျေးဇူးရှင်ရဲ. သမီးကို လွတ်အောင်အရင် လုပ်သင့်တယ် ။
(မှတ်ချက်။ ဟိုးတုန်းက အန်တီစု မလွတ်ခင်က ဟန်းဂုရွာမှာ ရေးထားတဲ့ ဆောင်းပါးလေးပါ )အပိုင်း ၂ ဆက်ရေးပါမယ်
Views