Tuesday, November 29, 2011

စစ်အစိုးရရဲ. အသေထွက် အရှင်ထွက် လမ်းစဉ် နဲ.သွယ်ဝိုက်ချဉ်းကပ်မဟာဗျူဟာ

 စစ်ရေးနည်းပညာတွေကို စီးပွါးရေး နိုင်ငံရေးတွေမှာ အသုံးပြုလာကြတာ အားလုံးအသိပါပဲ။ နပိုလီယံခေတ်မ တိုင်ခင်အထိ စစ်ပွဲတွေကို သမားရိုးကြ တိုက်ရိုက်ချဉ်းကပ်မဟာဗျူဟာ (သို.)ရင်ဆိုင်တိုက်ခိုက် ခဲ.ကြတယ်။ ထင်ရှားပြောင်မြောက်တဲ. စစ်ပွဲအချို.သာ သွယ်ဝိုက်ချဉ်းကပ် မဟာဗျုဟာ ပုံစံဝင်ခဲ.ကြတယ်။ ခေတ်သစ်စစ်ပွဲ ကိုစတင်သူ အဖြစ် နပိုလီယံကို သုတေသီတွေ ချီးကျူးကြတယ်ဆိုတာ သူ.ရဲ.ပြောင်မြောက်တဲ.သွယ်ဝိုက်ချဉ်း ကပ်မဟာဗျူဟာ ကြောင့်ပါပဲ။
  

မြန်မာ.အရေးကို မဟာဗျူဟာ အရ ကြည်.ရင် စစ်အစိုးကို လက်နက်ကိုင် အဖွဲ.အစည်းတွေ တိုက်
လာတာ အဘိုးတွေကစပြီး တိုက်လာတာ အခုမြေးအရွယ်တွေ ဆက်တိုက်နေတုန်းပဲ။ ဒီအတိုင်းသာ ဆက်တိုက် သာကုန်သွားမယ် စစ်အစိုးရကို နိုင်မှာမဟုတ်ဘူး အင်အားမမျှ လို.မဟုတ်ဘူး မဟာဗျူဟာမရှိ
လို.ပဲ။ နည်းဗျူဟာကို မဟာဗျူဟာပါလို.ကိုယ်ဟာကို ပြောရင်တော. မသိဘူး။ စစ်အစိုးရကတော. မဟာဗျူဟာ သူတို.ထက်သာလို. (ကောင်းလို.မဟုတ်) အဲဒီ အဖွဲ.အစည်းတွေကို တောထဲ တောင်ထဲ အစောင့်အဖြစ် ထားလိုက်သေးတယ် နိုင်ငံခြားတပ်တွေ ဝင်လို.မလွယ်အောင်လို.။စော်ကားတာမဟုတ်ဘူး။
အမေရိကန်လိုနိုင်ငံက လက်နက်အကူ အညီပေးကြည့် လက်နက်ကောင်းကောင်းနဲ.တိုက်ကြည့်အုံး။
မဟာဗျူဟာအစီအမံ နဲ. နည်းပညာအကူအညီပေးမှ ရမယ်။စစ်ရေးကိုပြောတာနော် ဒါတောင် တရုတ်ကို ခဏဖယ်ထားသေးတယ်။ စစ်အစိုးရရဲ.နိုင်ငံရေးမဟာဗျူဟာကိုသုံးသပ်ကြည့်ရအောင် (၁၉၈၈ ဒီဘက်) ၈၈အရေးအခင်း ကစပြီး လူထုအုံကြွ မှုတွေ ဆန္ဒပြပွဲတွေ နဲ.N.L.D ပါတီကို သွယ်ဝိုက်ချဉ်းကပ်မဟာဗျူဟာ နဲ.လုပ်ဆောင်ခဲ့တာ အခုဆို သူတို.ဘက်က အနှစ်၂၀လောက်အချိန်ဆွဲထားနိုင်ခဲ့ပြီ အရှုံးကနေ။ ဆက်ကြည့်ရအောင် ပြည်သူတွေနဲ.နိုင်ငံတကာကို  ဒီမိုကရေစီ မပေးဘူး ငါတို.စစ်တပ်ပဲ အုပ်ချုပ်မယ် လို့ မပြောဘူး မြန်မာပြည်နဲ.ကိုက်ညီမဲ့ ဒီမိုကရေစီ ကျင့်သုံးမယ် လမ်းပြမြေပုံ   ရေးဆွဲနေတယ်လို့ အကြောင်းပြတယ်။ N.L.D ကိုဖျက်သိမ်းလိုက်လို.ရတယ် မလုပ်ဘူး တိုက်ရိုက်ချဉ်းကပ်နည်းဖြစ်
နေလို.အဲဒီထက်ကောင်းတဲ့နည်း ကိုသုံးတယ်။   ပြည်သူရယ် N.L.D ရယ်   ဒေါ်အောင်ဆန်းစုကြည်ရယ်   ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ပံ့နိုင်တဲ့ ပြည်တွင်းကအရည်အချင်း ရှိသူတချို.ရယ် အဲဒီအုပ်စုတွေ ဆက်စပ်မသွားအောင် ပူးပေါင်းမသွားအောင် လုပ်ထားလိုက်တယ် လုပ်ထားနိုင်ခဲ့တယ်။အဲဒါ သွယ်ဝိုက်ချဉ်းကပ် မဟာဗျူဟာရဲ.အကျိုးတရားတွေပေါ့။လက်ရှိစစ်အစိုး အကြောက်ဆုံးက စစ်အစိုးရကိုဒုက္ခ အပေးနိုင်ဆုံးက ၈၈ အရေးအခင်းလို လူထုအုံကြွမှူကြီးသာဖြစ်တယ်။အမေရိကန်လို နိုင်ငံခြားက   လောလောဆယ် လာမတိုက်နိုင်သေးဘူးဆိုတာ ပထဝီနိုင်ငံရေး၊လက်ရှိအမေရိကန် အခြေအနေ(အီရတ်စစ်အပါအဝင်)၊ အာဆီယံ၊တရုတ်အားကိုးနဲ.စစ်အစိုးရ ကောင်းကောင်းတွက်မိတယ် ။
အဲဒီတော့ လူထုအုံကြွမှုတွေမဖြစ်အောင် တိုက်ရိုက်ရော သွယ်ဝိုက်ချဉ်းကပ်နည်း ပါအသုံးပြုတာ တွေ.ရတယ်။လူထုအုံကြွမှုတွေ ထပ်မဖြစ်အောင် အဓိက ခေါင်းဆောင် တွေကို ထောင်ဒဏ် ၆၅နှစ်တို.အနှစ် ၂၀ တို.ချပြစ်လိုက်ပြီးလူထုကို    ကြောက်အောင် လုပ်ထားတယ် ။ဒေါ်အောင်ဆန်းစုကြည် ကို မလှုပ်ရှားနိုင်အောင် အဆက်ဖြတ်ထားလိုက်တယ် လူထုနဲ. N.L.D ကို တသားတည်း မဖြစ်အောင်၊ ပါတီကြီးထွားမလာအောင် အင်အားကောင်းမလာအောင် လုပ်ထားနိုင်တာကိုတွေ.ရတယ်။ N.L.D ဟာ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်အခါ အခွင့်အရေးတွေမှာ (ဥပမာ ရွှေဝါရောင် တော်လှန်ရေး)
အခွင့်အရေး ဆုံးရှုံး သွားတာတွေနဲ. စစ်ထောက်လှန်းရေးဟောင်းတစ်ယောက် ရဲ.စကားအရဆိုရင် ပါတီထဲမှာ သူလျှိုတွေဟာအရေးပါတဲ့ နေရာတွေမှာ ရှိနေနိုင်တယ်ဆိုတာ နည်းနည်းလေး စဉ်းစားယုံနဲ့ သိနိုင်တယ်။ ဒါစဉ်းစားတာကိုပြောတာနော် မှားရင်လည်းမှားမယ် ။ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကိုကြည့်ရင် N.L.D အပါအဝင် ဒီမိုကရေစီ လှူပ်ရှားသူများဟာ တိုက်ရိုက်ချဉ်းကပ် နည်းကိုပဲ တွင်တွင် သုံးနေတာ စိတ်မကောင်းစရာ တွေရတယ် ။သံရုံးရှေ. ဆန္ဒပြတာတို. ကြေညာချက် ထုတ်တာတို.
လွှတ်တော်အမတ်တွေ ရဲ.အကူအညီနဲ. သံတမန်မျက်နှာစာမှာ လက်ရှိလှူပ်ရှားမှုတွေအားလုံးဟာ နည်းဗျူဟာပါ မဟာဗျူဟာ မဟုတ်ဘူး။ ပြည်သူလူထုကို ပညာပေးစည်းရုံးပြီး လူထုထောက်ခံမှူရအောင် လူထုအကျိုးပြု လုပ်ငန်းတွေ ပရဟိတလုပ်ငန်းတွေ ပညာရေးဝန်ဆောင်မှူတွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ရင်း ပြည်သူနဲ.ရင်းနှီးပြီး တသားတည်းကျလာလို.ပြည်သူတရပ်လုံး  ညီညွတ်လာရင် စစ်အစိုးရကို   ဖြုတ်ချစရာ မလိုဘူး သူ.ဟာသူ ခုန်ဆင်းပြေးသွားမှာ။ နာဂစ် ဟာ၂ ဘက်စလုံးအတွက်      အခွင့်အရေး   ရွှေဝါရောင်အရေးအခင်းက N.L.D ရဲ.မဟာအခွင့်အရေး။ စစ်အစိုးရ ပြုတ်ကျရေး စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ. ဒီမိုကရေစီ ရရှိရေး ထွန်းကားရေး လုပ်ဆောင်မှူတွေမှာ(လက်ရှိအခြေအနေ)     ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ရိုက်ချဉ်းကပ်ရင် ထောင်ဒဏ်နှစ်ရှည်ကျမယ် ဝန်ထမ်းဆို အလုပ်ပြုတ်
မယ် မိသားစုဝင် အထိ အန္တရယ်ရှိတယ်။လူတွေ မပူးပေါင်းရဲတော့ဘူး ဒါကြောင့်အင်အားမရှိဘူး အင်အားမရှိရင် ထိပ်တိုက်ရင်မဆိုင်တာ အကောင်းဆုံးပဲ။လူထုအကျိုးပြု လုပ်ငန်းတွေနဲ.ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ရင် အနှောက်အယှက်ပေးတာလောက်ပဲ ခံရမယ် နှစ်ရှည်ထောင်ချလို.မရဘူး လူထုကပိုပြီး ပါဝင်လာရဲမယ် ။ဥပမာ အဖြူရောင် လှုပ်ရှားမှူလိုမျိုး၊ဥပုသ်စောင့် ကြမယ် လူတော်တော်များများ  ပါအောင်ပြောရင် လူတွေလိုက်ရဲမယ်သံရုံးရှေ ဆန္ဒပြမယ်စည်းရုံးလို.ရပါတော့မ
လား။နိုင်ငံခြားမှာတောင် လူစုဖို.မလွယ်တော့ဘူး။လူထုရဲမှ စုလာမှာပေါ့ စုနိုင်မှ အောင်မြင်မှာပေါ့။
လူထုရဲမှ ဆိုလို. လူထုက ကြောက်နေတာမဟုတ်ဘူး မယုံကြည်တော့တာ။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နေတဲ့ သူတွေရှိတယ် ထောင်ထဲမှာလည်းရှိတယ် အပြင်မှာလည်းရှိပါတယ် ဒါပေမဲ့ တချို.များ မြန်မာပြည်မှာ ဒီမိုကရေစီရ ရင်တောင် ပြန်လာပါ့မလား တွေးစရာပဲ။နောက်ပြီးရှိသေးတယ် လူထုက နိုင်ငံရေးနားမလည်ဘူးဆိုပြီး အမှန်ကအဲဒီလိုမဟုတ်ဘူး  နိုင်ငံရေး နိုင်ငံရေးဆိုပြီး ဗလာ အမြှောက်ပစ်နေတဲ့သူတွေသာ နိုင်ငံရေးနားမလည်တာ မြန်မာပြည်လောက် နိုင်ငံရေးအတွေ.အကြုံများတဲ့ နိုင်ငံ  ရှာကြည့်အုံးကမ္ဘာမှာ။လိုနေတာက ယုံကြည်လောက်တဲ့ခေါင်းဆောင်ရဲ့ မှန်ကန်သောဦးဆောင်မှူ
သာဖြစ်တယ် ။ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ရင် စစ်အစိုးရရဲ. မဟာဗျူဟာ အမှားပဲ ခက်တာက စစ်အစိုးရက ပါးနပ်တယ် အ တာကကိုယ်တွေပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခုချက်ချင်း လွှတ်ပေး အဲဒီအသံတွေ ကျယ်ကျယ်အော်ရမှာ ခုတော့ ဖယောင်းတိုင်လေးထွန်းပြီး   မွေးနေ. ဆုတောင်းပွဲလေး လုပ်တာတွေ.မိတယ် အားပျော.သွားတယ်ထင်မိတယ်။ နိုင်ငံရေးနားလည် လို.ပြောနေတာမဟုတ်ဘူး ပြည်သူ.ရင်ထဲ တိုက်ရိုက် ရောက်မဲ့စကားမျိုး ရွေးချယ်သင့်တယ်ထင်
လို. ပြီးတော့ မြန်မာနိုင်ငံကို စီးပွါးရေး ပိတ်ဆို.ဖို. ရင်းနှီးမြုပ်နှံ မှူတွေမလုပ်ဖို. ဆိုပြီးပြောတဲ့ သူတွေအချို.ရှိတယ်။တော်တော်အံ့ဩမိတယ် စစ်အစိုးရကို မုန်းတာနဲ. အမျိုးသားနိုင်ငံရေးနဲ. ခွဲခြားနားလည်သင့်တယ်။အဂ္ဂမဟာဗျူဟာအထိ စဉ်းစားသင့်တယ်။အခုနေ ဒီမိုကရေစီရ လို.စစ်အစိုးရပြုတ်ကျသွားရင် ငုတ်သလိုဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးရေး တွေပေါ်လာမယ်
သီးခြားပြည်နယ်တောင်းဆိုမှူတွေပေါ်လာမယ်ဒီမိုကရေစီဆိုတာနဲ. ပြည်ပရင်းနှီးမြုပ်နှံမှူတွေ၊ယဉ်ကျေးမှူတွေ အလုံးအရင်းနဲ.ဝင်လာမယ် ကုမ္ပဏီကြီးတွေ ဝင်လာရင် အဲဒီ ကုမ္ပဏီကြီးတွေကို ယဉ်ပြိုင်ထိုးဖောက်နိုင်တဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ၊ အသိပညာရှင်တွေလိုတယ်၊တိုင်းရင်းသားတွေအားမရှိရင် နိုင်ငံခြားသားတွေ လက်ဝါးကြီးအုပ်သွားမယ်၊ယဉ်ကျေးမှူတွေစုံလာမယ်၊ ဘာသာရေး အန္တရယ်တွေ ရှိလာမယ်။ ဒီမိုကရေစီဆိုတော့အသံမျိုးစုံလာမယ်၊ဘေးပယောဂဝင်လာမယ်အဲဒါတွေရင်ဆိုင်  ဖြေရှင်းဖို.အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းလိုတယ် အမြော်အမြင်ရှိဖို.လိုတယ်၊ကြိုတင်စီစဉ်ထားဖို.တယ်။    အဲဒီအထိ စဉ်းစားရင် အဂ္ဂမဟာဗျူဟာ(Grand Strategy)ပါပဲ။ဒီနေ. မြောက်ကိုရီးယား နဲ. စစ်အစိုးရ ဆက်ဆံရေးဟာ စစ်အစိုးရရဲ. အမေရိကန်ကိုတည်ကစားချင်တဲ့ ဝှက်ဖဲလား၊တိုင်းပြည်ကို ၅ပါး မှောက်အောင် လုပ်မှာလားဆိုတာ   စောင့်ကြည်နေတုန်းပဲ၊ ၅ ပါးမှောက်ဖို.များတယ် ဘာလို.လဲဆိုမြောက်ကိုရီးယားလောက် ညဏ်ရှိမှာ မဟုတ်ဘူး။ဒီမိုကရေစီ ဆိုတာပြသနာ ဖြေရှင်းတဲ့စနစ် မဟုတ်ဘူး၊ စစ်အစိုးရကြောင့် တိုင်းပြည်မ တိုးတက်တာမဟုတ်ဘူး ဗိုလ်ချုပ်အောင်ဆန်းလို စစ်ဗိုလ်မျိုး အုပ်ချုပ်ရင် တိုင်းပြည်မ တိုးတက် ပဲနေမလား၊ အဓိကက ပညာအမြော်အမြင်မရှိသူတွေ စိတ်ရင်းမကောင်းသူတွေ ကိုယ်ကျိုးပဲကြည့်သူတွေ အုပ်ချုပ်နေသမျှ ဘယ်အစိုးရပဲ တက်တက် ဘယ်စနစ်ပဲကျင့်သုံးသုံး  တိုင်းပြည်ဆင်းရဲဒုက္ခ   ရောက်နေအုံးမှာပဲ   ။နောက်တခုရှိသေးတယ် တော်တော်များများပြောကြတယ် မြန်မာပြည် သယံဇာတပေါတယ်နိုင်ငံတကာလည်းပြောတယ် မှန်လည်းမှန်ပါတယ် ဒါပေမဲ့ သယံဇာတဆိုတာ မကုန်နိုင် မခမ်းနိုင်တဲ့အရာ မဟုတ်ဘူး အခုတောင် တော်တော်လေးကုန်နေပြီ၊သဘာဝအရင်းအမြစ်ဆိုတာ အထောက်အပံ့  သာဖြစ်တယ် အဓိကအားကိုးရာမဟုတ်ဘူးလူ.စွမ်းအားအရင်းအမြစ်ကသာ လူရှိနေသမျှ အသိပညာ အတတ်ပညာ နဲ.အားထားရာဖြစ်တယ် လူ.စွမ်းအားအရင်းအမြစ်ကို ဖွံ.ဖြိုးအောင် လုပ်ရမှာ၊ လက်ရှိအစိုးရလုပ်နေပုံက အပင်ကို ရေနွေးပူနဲ.လောင်းနေတယ်။သူခိုးလေးတွေကို ပညာတော်
သင် လွှတ်နေတယ်။နောက်ဆုံးအနေနဲ. စစ်အစိုးရရဲ. အရှင်ထွက် အသေထွက် လမ်းစဉ်ကို   ပြောကြရအောင် ပြောချင်တာတွေများနေလို.လိုရင်းမရောက်တော.ဘူး။လက်ရှိစစ်အစိုးရဟာ  ဆွေစဉ်မျိုးဆက် စားမကုန်အောင်ချမ်းသာနေပေမဲ့ အိပ်ကောင်းတိုင်းမအိပ်ရ စားကောင်းတိုင်းမစားနိုင်  အဆဲခံ အဆိုခံနဲ. လမ်းပြမြေပုံဆိုပြီး လုပ်နေတာ အရှင်ထွက် ထွက်ချင်လို.ပဲ အသေထွက်ဆို ဆဒမ်ဟူစိန်လို
ထွက်ရမှာ  အဲဒီတော့ သူတို.ရဲ.မဟာဗျူဟာ(လမ်းပြမြေပုံ)အောင်မြင်ရင် နောက်တက်လာမယ့် အရပ်သားအစိုးရ(အဲဒါလည်းသူ.လူပဲ) နဲ.လွှတ်တော်ထဲက သူတို.ရဲ.နောက်ချန်တပ်က သူတို.ကို ကာကွယ်ပေးထားမယ် အဲဒီအချိန်မှာ လူမျိုးပေါင်းစုံနဲ. ပါတီပေါင်းစုံနဲ. ရှုပ်ရှက်ခက်ပြီး ငါးစာလုနေပြီဆိုရင် သူတို.လေချွှန်ပြီးကျန်နေခဲ့ယုံပဲ။မြန်မာမျိုးချစ်တွေ ဘာလုပ်ကြမလဲ?ဘာလုပ်သင့်လဲ? ဘယ်လိုလုပ်သင့်လဲ?
၁။ သွယ်ဝိုက်ချဉ်းကပ်တဲ့ မဟာဗျူဟာကျင့်သုံးရမယ်။
၂။စစ်အစိုးရကို တိုက်ရိုက် မတိုက်နဲ.တော့ ဒေါ်အောင်ဆန်းစုကြည်နဲ. ကိုမင်းကိုနိုင် ကို လွတ်အောင်လုပ်
(ဘယ်လိုလုပ်မလဲ? အဲဒါနည်းဗျူဟာ ဒါကိုစဉ်းစားရမယ်)
၃။စစ်သားရော၊ဝန်ထမ်းတွေပါမကျန် ပါဝင်လှုပ်ရှားနိုင်တဲ့ ဘာသာရေး(သို.)လူမှူရေးလှုပ်ရှားမှူ အကြီးအကျယ်လုပ်ရင်
(ကြံ့တွေ ဖွတ်တွေပါ ပါပါစေ မောင်းမထုတ်နဲ.သူတို.လည်း ၈၈အရေးအခင်းက ဒီမိုကရေစီ အော်ခဲ့တာပဲ၊)
ဒေါ်အောင်ဆန်းစုကြည် နဲ. ပြည်သူကြားက ကွက်လပ်ကလေးကို ဖြည့်လိုက်တာပဲလို.ထင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေး ဖခင် လို.ခေါ်ရင် ဒေါ်စုဟာ ဒီမိုကရေစီသမီးတော်ပေါ့ စစ်အစိုးရနားမလည်
တဲ့ ဒီမိုကရေစီ ကိုတောင်းယူလို.ရမှာ မဟုတ်ဘူး (ကျင့်သုံးရတဲ့စနစ်) တောင်ကိုရီးယားမှာ စစ်အစိုးရပြုတ်ကျသွားပုံကို
ကြည့်ရင် တော်တော်လေး ပညာ ပရိယယ် ပါတဲ့အပိုင်းကိုတွေ.ရတယ်(သီးသန်.ရေးပါမယ်)လောလောဆယ် ကျွန်တော်
တို. လုပ်သင့်တာက ကျေးဇူးရှင်ရဲ. သမီးကို လွတ်အောင်အရင် လုပ်သင့်တယ် ။


(မှတ်ချက်။ ဟိုးတုန်းက အန်တီစု မလွတ်ခင်က ဟန်းဂုရွာမှာ ရေးထားတဲ့ ဆောင်းပါးလေးပါ )အပိုင်း ၂ ဆက်ရေးပါမယ်

Views

နအဖရဲ့ ခွါစစ် (သို့) ၀ါးတားတား ဒီမိုကရေစီ

etz&JY cGmppf (odkY) 0g;wm;wm; 'Drdkua&pD
 
etz tpdk;& AdkvfcsKyfrI;MuD; oef;a&T uawmh vSvSyyav; cGmppfqifoGm;cJhygjyD/edkifiHwpfum edkifiHa&;tajymif;tvJeJY tmPm&SifawG usqHk;cef;udk jrifvdkY cGmppfqifoGm;wmvm; vSnfhuGufwpfckvm; qdkwmawmh pOf;pm;Munfh&rSmyg/ vTwfawmfxJu 25 &mcdkifEIef;aom ppfwyfudk,fpm;vS,fawGqdkwm wpfu,fawmh cGmppf&JY aemufcsefwyfawG vdkYqdkcsifygw,f/ 'Drdkua&pD tiftm;pkawGxJu trsdK;rdsK;aom t,ltqawGeJY vTwfawmfxJ vHk;vm;axG;vm;eJY jzpfaecsdefrSm OD;oef;a&Tuawmh olYAsL[meJY olYtqHk;owfudk yDwdeJY auseyfaervm;? aqGpOfrsdK;quf pm;rukefwJh pnf;pdrfawGtjyif jrefrmqdkwJh jynfaxmifpkudk vlwpfpkuyJ tpOftkyfcsKyfedkifatmif vkyfoGm;cJhwmav;uawmh u'gzDwdkY [lpdefwdkYxufomw,f vdkYajym&r,f/
 
vSnfhuGufvm;? jyKjyifajymif;vJa&;vm;??
ckqdk&if edkifiHwpfum rsufESmpmrSm or®wMuD; OD;odef;pdefeJY tefwDpk wdkYqufqHa&;? OD;odef;pdef&JY tjyKoabmaqmifwJh vkyf&yfwpfcsdKYaMumifh jrefrmjynf[m jyKjyifajymif;vJa&;bufudk oGm;aejyDvdkY edkifiHwpfumuae toHawGMum;ae&? owif;awGzwfae&jyD/ tJ'gwpfu,fvm;? wpfu,fyJajymif;vJa&;bufudkoGm;aejyDvm;/wpfu,fyJ jyKjyifajymif;vJa&;bufudk oGm;aejyDqdk&if tefwDpkeJY NLD 1990 a&G;aumufyGJ&v'fudk arhypfjyD; OD;odef;pdef tpdk;&eJY wlwmav;awGupjyD; yl;aygif;aqmif&Guf&if Armhenf; Armh[ef 'Drdkua&pDavmufawmh rSef;vdkY&jyD/tJ'Dvdkr[kwfyJ OD;odef;pdef tpdk;&zGifhay;wJh ygwDrSwfyHkwifa&;udk rvkyfyJ 1990 a&G;aumufyGJ&v'feJY a&T*Hkwdkif &yfwnfcsufudkudkifjyD; OD;odef;pdefeJY xdyfwdkuf&ifqdkifMunfh&ifa&m ckcsdefrSm b,fvdkjzpfvmedkifrvJ/ edkifiHwpfumeJY OD;odef;pdeftpdk;&u b,fvdkwkefYjyefrvJ / ckcsdefrSm tJ'Dxdyfwdkuf&ifqdkifa&;eJY yl;aygif;aqmif&Gufa&;udk rJcGJqHk;jzwf&if yl;aygif;aqmif&Gufa&; bufurJtom&r,fvdkYxifygw,f/ 'gqdk&ifawmh AdkvfcsKyfrI;MuD;oef;a&T&JY cGmppfatmifjrifjyDvdkY ajymvdkY&jyD/ olu'gudkvdkcsifwm/oleJY aqGawmfrsdK;awmf AdkvfcsKyftaygif;u tEå&,f uif;uif;eJY cGmcsifwm/ tmPm&Sif usqHk;cef; awG udkodjyD;om;? 2008zJGYpnf;yHktajccHOya' MumMumrcHbl;qdkwmvnf; odw,f/od&JYom;eJYvkyfw,f qdkwm aemufcsefwyfawGxm;cJhcsifvdkYyJ 'grS tcsdefqGJjyD; olwdkYtouf80-90xd 'Drdkua&pDbuf awmfom;awG jywfjywfom;om; tedkifr&cif aemufcsefwyfawGeJY vTwfawmfxJ &Iyf&Syfcwfae atmifvkyfxm;wmvdkY jrifw,f/ckqdk&if edkifiHwpfumu OD;odef;pdefudkyJ tm&HkpdkufaejyD/ jyKjyifajymif;vJa&;bufudk oGm;aejyDvdkY taumif;jrif&if wpfckawmhar;csifw,f bmvdkY rif;udkedkifwdkY usefwJh edkifiHa&;orm;awGudk vTwfray;wmvJ? ucsifa'oudk bmvdkYppfqifa&; vkyfwmvJ?&Sif;ygw,fvTwfay;wJh edkifiHa&;orm; qdkwm wpfu,fawmh olwdkYtwGuf tqdyf r&SdwJh olawGyg/udkZm*emudk vTwfay;w,fqdkwm udkZm*emu edkifiHa&;orm; r[kwfbl; tEkynmorm;? olwdkYudk wGef;z,fjyD; tmPm0ifvkr,fhvlr[kwfbl;/ tefwDpkudk tus,fcsKyf uvTwfay;w,f qdkwm tefwDpkvkyfaewm tpdk;&jyKwfus&kHoufouf r[kwfbl; tm;vHk;aumif; pm;a&; qdkwJh trsdK;om;edkifiHa&; ppfppf/'Dawmh tcsdefvdkw,f aMumufp&mr&Sdbl; vlvwf wef;pm;udk cg;jywfatmif vkyfxm; pD;yGg;a&;usyfwnf;jyD; edkifiHa&;pdwfr0ifpm;edkifatmifvkyfxm;? aps;uGuf pD;yGg;a&;yDjyifatmif rvkyfedkifwJh tajctaerSm tefwDpkrajymeJY odMum;rif;awmif 'Drdkua&pD usifhoHk;vdkYr&bl;/ 'gaMumifhvTwfay;w,fvdkYxifw,f/
'Drdkua&pDqdkwJh edkifiHa&;pepfu ae&mwdkif; tajctaewdkif;rSm usifhoHk;vdkY&wmr[kwfbl;? awmif;qdkvdkY ay;vdkY&wmr[kwfbl; usifhoHk;&wm/usifhoHk;edkifwJh taetxm;udk t&ifwnfaqmuf &rSm r[kwf&if 'Hk&if;u'Hk&if; yJjyefa&mufw,f/ 'Drdkua&pDqdkwmvnf; wpfu,fawmh t&l; vT,f tdwfvdkyJ tukef&Sdw,f/ vlYtcGifha&;vm; &Sdw,f [dk;atmufqHk;udkESdKuf&if uRefpepfeJY trsdK;orD; awGrJray;& qdkwmvnf;&Sdw,f ordkif;wavsmuf aumif;edK;&m&m aumufxnfhjyD; csDwufvmwm toufiifvdkuf jyef&SifvdkufeJY ckqdk&if edkifiHawmfawmfrsm;rsm;rSm yHkpHtrsdK;rsdK;eJY &SdaejyD?'gayrJh tESpfom&uawmh rajymif;bl;/ yHkpHawGb,fvdkuGJygap tusOf;csKyf&if 2rsdK;yJusefygw,f tmPm udk A[dkrSmpkpnf;wmeJY tmPmudk cGJa0ay;wJh'Drdkua&pDyg/(Majoritarian Democracy& Consensus Democracy)b,fvdk'Drdkua&pDyJ jzpfygap edkifiHeJY trsdK;om;tusdK;pD;yGg; twGuf vkyfMu&wmyg/
'gayrJh Armtpdk;&ajymwJh Armhenf;Armh[ef ppfrSefaom 'Drdkua&pDqdkwm&,f zGJYpnf;tkyfcsKyfyHk tajccHOya'uawmh avmavmq,f edkifiHwpfumrSm r&Sdao;wJh 'Drdkua&pDopf wpfckyg/ jynfaxmifpkvdkYvnf;ajymw,f Armjynfe,fvnf;r&Sd vTwfawmfxJrSm ArmvlrsdK;awGu bJ vlOD;a&trsm;qHk;,lwm&,f pdwf&if;rSefwJh Armvlaumif;awGudk acsmifxdk;xm;jyD; pdwf&if;r rSef OD;aESmufr&SdwJh vlawGudk 0efMuD;?trwf?OuúX&mxl;awGay;jyD; 'DvlawGyHkazmfr,fh 'Drdkua&pD udkawmh 0g;wm;wm; 'Drdkua&pDvdkY emrnfay;csifygw,f/
oD[xGef;aZmf
*ifrf[JjrdKY?udk&D;,m;

စာကျက်ဟဲ့ ပေကပ်ရဲ့ စာကျက်

စာကျက်ဟဲ့ ပေကပ်ရဲ့ စာကျက်” ဒါကတော့ ကျုပ်ကို အမေနဲ့ အစ်မက အမြဲပြောတဲ့ စကား ကျုပ်နာမယ် ဇော်ကြီး ဒါပေမဲ့ ဘယ်သူမှ ရွာမှာ ဇော်ကြီးလို့ မခေါ်ဘူး ပေကပ်လို့ခေါ် ရင်ခေါ် မခေါ်ရင် ကျုပ်ကိုရင်ဝတ်တော့ ဆရာတော်က ပေးတဲ့ ဘွဲ့ (စောစောစီးစီး ဘွဲ့ ရပြီးသား) က၀ိပီယ လို့ခေါ်တယ် ။ချစ်ဖွယ်သောပညာရှိ ဒါကျုပ်ဟာကျုပ် အနက်ပြန်တာ ။ အမေနဲ့အစ်မက ပြောလဲပြောစရာ ကျုပ်ငယ်ငယ်က တော်တော်ထုံပေပေ ဂျစ်ကပ်ကပ် စာကျက်ခိုင်းရင် ဘယ်တော့မှ မကျက်ဘူး ကျုပ်တို့ရွာနဲ့ကျောင်းက တော်တော်ဝေးတယ် ကျုပ်အစ်မက ကျောင်းသွားရင် ရွာကလူတွေနဲ့စုပြီး လှည်းနဲ့သွားတယ် ကျုပ်ဘယ်တော့မှမ လိုက်ဘူး ဒါပေမဲ့ ကျောင်းကို ကျုပ်အရင်ဆုံးရောက်တယ် အဲ ကျောင်းထဲကို ခြေဆေးပြီးဝင် ရတာလဲ တစ်ကျောင်းလုံး ကျုပ်တစ်ယောက်တည်းရှိတယ် (အဟီး) ။

ကျုပ်ကို ဆရာ၊ဆရာမတွေကတော့ ချစ်ကြတယ်ဗျ ကျုပ်ကြောက်တာဆိုလို့ ကျုပ်တို့အ တန်းပိုင်ဆရာမ ဒေါ်မင်းဖြူနဲ့ ကျုပ်အဖေပဲ။ ဆရာမ ဒေါ်မင်းဖြူဆိုတာ နယ်နယ်ရရမဟုတ်ဘူး နားရွက်ကို ပေတန်စောင်းနဲ့ လှီးတာ။ ရိုးရိုးမရိုက်ဘူး။ အဖေကတော့ ကျုပ်အကြောကိုသိတယ် ပါးစပ်နဲ့မပြောဘူး ခြေထောက်နဲ့ပဲပြောတယ်။ကျုပ်ကြောက်တာ ဒီ၂ ယောက်တည်းရယ်။

ကျုပ်က အချိန်ပိုင်းကျောင်းသားဘ၀ နဲ့တော်တော်အကျိုးပေးတာ ရွာဦးကျောင်းမှာ ယံမင်္ဂလံ စသင်ကတည်းက အချိန်ပိုင်းဘုန်းကြီးကျောင်းသားဖြစ်နေပြီ။ မနက်ပိုင်းဆွမ်းခံပြီး ပါမစ်နစ်(အချိန်ပြည့်)ကျောင်းသားတွေမစားခင် ကျုပ်ကစားပြီးပြီ။ ကျုပ်လွယ်အိပ်ဆွဲ အတန်း ကျောင်းတက်ဖို့လုပ်တော့ ထားဝယ်ဦးဇင်းက မုန့်ဖိုးတစ်ကျပ်ပေးတယ်။ တစ်ခါတစ်လေ ဦးဇင်းက မေ့နေလို့ ကျုပ်အဟမ်း အဟမ်းလုပ်ရတာ လည်ချောင်းတောင်နာတယ်။

အိမ်အကြောင်းပြောရအုံးမယ် ကျုပ်တို့အိမ်နဲ့ ဘုန်းကြီးကျောင်းက ကပ်ကပ်လေး အိမ်ကရိုက်ရင် ကျောင်းကိုပြေးတယ် ကျောင်းကရိုက်ရင် အိမ်ကိုပြေးတယ် (အဟေး) ။ရွာထဲဆွမ်းခံပြီး ပြန်ရင် ကောင်းပေ့ဆိုတဲ့ ဟင်းကို ဘုရားဆွမ်းတော်တင်တယ် ပြီးရင် ဘုန်းကြီးကျောင်းသားတွေ အလှည့်ကျစွန့်ပြီးစားရတယ် ဟင်းကောင်းကိုး။ သြော်ဝင်း နိုင်နဲ့ တင်သိန်း ၀င်းနိုင်နဲ့ တင်သိန်း မှတ်မိပါသေးတယ် ဒင်းတို့ ကျုပ်ကို အချိန်ပိုင်းကျောင်းသားမို့ ပေးမစွန့်ဘူး ။ဆရာတော်မသိဘူး ကျုပ်တို့ ၃ ယောက် ဆွမ်းတော် လုတာကို။အခုတော့ ဒီကောင်တွေလည်း စစ်ထဲရောက်ကုန်ပါပြီ။

ကျောင်းရောက်ရင် ကျုပ်ကို ဘုန်းကြီးကျောင်းသား ဆိုပြီး ကောင်မလေးတွေ စကြတယ် ကောင်လေးတွေက အတန်းကြီးတွေတောင်မစရဲဘူး ကျုပ် ငယ်ငယ်က ခုလိုမချောဘူး မဲပြီးလုံးကျစ်နေတာ ခုကိုရီးယားရောက်မှ အသားတွေဖြူပြီး ချောလာတာ။ မြစ်နိုင်ဆိုတဲ့ ကမ္မဌာန်း ကျောင်းက ပါမစ်နစ် ကျောင်းသားရောက်လာမှ ကျုပ်လည်း အစ လွတ်တော့တယ် မြစ်နိုင်ဆိုတာ သူ့နာမယ် မြင့်နိုင်ကို သူ့ဟာသူ မြစ်နိုင်လို့ စာလုံးပေါင်းထားလို့ ကျုပ်တို့က မြစ်နိုင်လို့ခေါ်တာ။

ကျုပ်ကစာမတော်ပါဘူး စာမေးပွဲတော့ အောင်တယ်။ အတန်းထဲမှာ လူ ၇၂ ယောက် ရှိရင် ကျုပ်က အဆင့် ၇၀ ကျုပ်နောက်မှာ စာမေးပွဲမဖြေတဲ့ ကောင်ရယ် လက်ကျိုးတဲ့ကောင်ရယ်ပဲရှိ တယ်။ ကျုပ် ၈ တန်းအောင်တော့ ရည်းစားစာ ရေးတတ်နေပြီ မိကျော်ဆိုတာ ကျုပ် သောကြာနေ့တိုင်း စာပေးလို့ သောကြာနေ့တိုင်း ကျောင်းမတက်ဘူး ကျုပ်ကလည်း မရ ရအောင် ပေးတာပဲ။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေတော့ ဟိုးငယ်ငယ်လေးကတည်းက အစပျိုးရှင်သန်ခဲ့တာပါ တို့ဆိုတာတွေဟာ ကျုပ်စာမှာ အမြဲပါတယ် ချစ်တယ်တယ်ကြိုက် တယ် တစ်လုံးမှမပါဘူး ဒါကြောင့် ကျုပ်ကို အဖေရိုက်လို့မရခဲ့ဘူး။

ကျုပ် ၁၀ တန်းရောက်တော့ ရွာမှာ ရှားရှားပါးပါး ၄ယောက်စရင်းဝင်တယ် ကျုပ်ကိုဘယ်သူ မှ အောင်မယ်မထင်ဘူး အဲဒီတုန်းက ပြောအုံးမယ် ကျုပ်တို့ရွာကို ခွေးဖမ်းတဲ့ လူတွေလာတယ် ခွေးအနက် တရုပ်ကိုပို့မှာတဲ့ ဈေးကောင်းပေးတယ် ဘယ်ရမလဲ သတ္တ၀ါတွေအသက်ကယ်ရမှာပေါ့ ဆရာတော်ဟောထားတယ် ကျုပ် အောင်နက်ကြီးကို သေချာ ချည်ထားလိုက်တယ် ပြီးတော့ ရွာထဲရှိသမျှ ခွေး အနက်ရော အကွက်ရော အကျားရော အကုန်ဖမ်းပြီး ဆရာတော့် ကျောင်းအောက် ချည်းထားလိုက်တာပေါ့ ဆရာတော် ကျောင်းအောက်တောင် ဆင်းလို့မရလို့ အဖေ့ကို ကျောင်းပေါ်ကနေ လှမ်းအော်ရတယ်။ အဖေ ကျုပ်ကိုရိုက်မလို့ ပြေးလာတာပဲ ကျုပ်လည်း တစ်ခွန်းတည်း ပြောလိုက်တယ် အဖေ ခွေးလေးတွေ သနားပါတယ်လို့ အဖေ သက်ပြင်းချတယ်။

ခွေးဖမ်းတဲ့သူတွေလည်း ကျုပ်တို့ရွာက တစ်ကောင်မှမရလို့ တစ်ခြားရွာက ခွေးရောင်စုံတွေ ဆေးအနက်သုတ်ပြီး ခေါ်သွားရတယ် ကျုပ်မေတ္တာ ဘယ်လောက်စူးရှသလဲ ဆို လမ်းမှာ ခွေးတွေ မိုးမိပြီးတော့ ဆေးကွက်ကျားတွေနဲ့ ပြန်လွတ်လာကြတယ် ကဲ။

ကျုပ်လည်း ၁၀ တန်းဖြေပြီးတာနဲ့ ရန်ကုန်ကိုလွင့်လာတာ ဒီအကြောင်းတွေနောက်မှပဲ ပြောတော့မယ်။ ကျုပ် မိကျော်နဲ့ ဝေးဖို့ အကြောင်းဖန်လာတာလား မရွယ်ပဲ စော်ကဲမင်းဖြစ် တာလား မသိဘူး ကျုပ်တို့ရွာက ဦးဇင်း စာချကိုယ်တော် ဗဟန်းစာသင်တိုက်က ကိုယ်တော် လုပ်ပေးတာ ကျုပ် ကိုရီးယားကို ရောက်လာတာပဲ ကျုပ်လည်း ၀ါးဝါးတို့ ၀ဲဝဲတို့ရှီးရှီးတို့ ယားယား တို့ အခေါ်ခံပြီး လုပ်ခဲ့ရတယ် မကြီးပွားပဲနဲ့တော့ ငါမပြန်ဘူးလေ။

ကျုပ် ၃နှစ် ပြည့်တော့ ရွာကို ခဏပြန်ခဲ့တယ် ( အတွေ့ချင်ဆုံးက မိကျော်ပါ)။ ဆရာတော့်ကို အရင်ဝင်ဖူးတော့ ဆရာတော်က ကိုးရီးယားအကြောင်းတွေမေးတယ် ကျုပ်လည်း ကိုရီးယားတွေဟာ တရှီးရှီးနဲ့ အတော်အဆဲသန်တဲ့ ကောင်တွေပါဘုရား လို့ဆိုတော့ ဆရာတော်ခေါင်းညိတ်တယ် ပြီးတော့ ယောင်္ကျားတွေဆဲလည်းဒီစကားလုံးပဲ မိန်းမတွေဆဲလည်း ဒီစကားလုံးပဲ ဘုရား တပည့်တော်တို့ မြန်မာမှာလို မိန်းမဆဲတဲ့စကား လုံးက သတ်သတ်မရှိဘူး ဘုရားဆိုတော့ ဟေ့ကောင် မင်းဆရာတော်ကို ဘာတွေလျောက်နေ တာလဲ တဲ့ ထားဝယ်ဦးဇင်း ရွှေမျက်မှန်က ၀င် ဟန့်တယ် ကျုပ်လည်း အသာကုပ်နေရတာပေါ့ ။ဆရာတော်က "အိမ်း သည်းခံပြီးနေကြပေါ့ကွယ် " တဲ့။

အပိုင်း ၂ ဆက်ရေးပါမယ်

Sunday, November 27, 2011

နိုင်ငံရေးဆိုတာဘာလဲ

နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးကိစ္စမှန်သမျှ (သို့) အမျိုး ၊ ဘာသာ၊ သာသနာ အတွက် အကျိုးရှိစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်သော ကိစ္စမှန်သမျှ ကို နိုင်ငံရေးဟုခေါ်သည်။

သီဟထွန်းဇော် စတင်ခြင်း

နှစ်ဆယ့်ခုနှစ်ရက်   နိုဝင်ဘာ   နှစ်ထောင့်တစ်ဆယ့်တစ်
 တနင်္ဂနွေ ည ၁၀ဆယ် နာရီတွင်စတင်သည်